Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ငပုတောမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ဆောင်ရွက်
Sep 13,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ ၁၉လမ်း၊ ၈၃×၈၆လမ်းကြားရှိ ညောင်ပင်စျေးအရှေ့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော် ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဦးစီးများနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ယမန်နေ့နံနက် ၆ နာရီခွဲအချိန်က ညောင်ပင်စျေး အရှေ့၌ ဖြတ်သန်း သွားလာနေသော ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများပေါ့ဆနေခြင်း မရှိစေဘဲနေအိပ် ပြင်ပသို့ထွက်ခွာမည်ဆိုပါက နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်အသုံး ပြုနိုင်ရေး၊ လက်ကိုမကြာခဏဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်ထိုးနှံခြင်း၊ ထပ်ဆောင်းထိုးနှံခြင်းနှင့် ဗီဇပြောင်း ကိုဗစ်ရောဂါပိုးများ၏ အန္တရာယ်မှကာကွယ်ရန်၊ ပြည်သူများကျန်းမားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန် စသည်တို့ကို အသိပညာပေးခဲ့ကြပြီး နှာခေါင်းစည်း(Mask) ၁၀၀၀ ခုအား(အခမဲ့)ဝေငှတပ်ဆင်ဖြန့်ဝေပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ မြိုပေါ်ရပ်ကွက်အားလုံးတွင် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့ပြီး ကျေးရွာများ၌ ဆက်လက်ရောင်းချပေးမည်
Sep 13,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌မြို့ပေါ်(၆) ရပ်ကွက်ရှိရာ မြို့သစ်ရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ငဝန်ရပ်ကွက်၊ ရွှေဘိုရပ်ကွက်နှင့် ရှေ့ဆောင်ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပြီးဖြစ်ရာ ယမန်နေ့နံနက်ပိုင်း၌ မြို့မရပ်ကွက်ရှိ အမျိုးသားခန်းမ၌ ရပ်ကွက်နေအိမ်ထောင်စု(၂၅၀)စုအား ဆန်(၁၀)အိတ်၊ ဆီ(၃၀)ပိသာ၊ ကြက်ဥ(၃၀၀)လုံး၊ ဆား(၅၀)ပိသာနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
၂၃)ကြိမ် မြောက်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်
Sep 13,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆ လမ်း၊ ၂၀×၂၂လမ်းကြားရှိ အမျိုးသားဇာတ်ရုံတွင် (၂၃) ကြိမ်မြောက်၊ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ (အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်)တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၊ ယဥ်ကျေးမှုတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး နှင့် တာဝန်ရှိသူများ၊ ပညာရှင်အကဲဖြတ်ဒိုင်လူကြီးများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်ခရိုင်တွင်၊ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်
Sep 13,2022
လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်တွင် အမှတ်(၇)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်စု (ပုသိမ်)က ဦးစီးဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်း ဖွင့်ပွဲကို ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ် ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုသို့ ကြည့်ရှုခြင်းနှင့် Mask Campaign ပြုလုပ်
Sep 13,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား/သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီက သွားရောက်ကြည့်ရှုအားပေးပြီး Mask Campaignနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များ Software Program ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့…
Sep 13,2022
အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဇလွန်မြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းတည့် ၁၂ နာရီက သွားရောက်ကြည့်ရူ အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16114
Page
16115
Page
16116
Page
16117
Current page
16118
Page
16119
Page
16120
Page
16121
Page
16122
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department