တနင်္သာရီမြို့နယ်၊မြေစိုက်ဘုတ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဗွီနိုင်းပိုစတာများကပ်ထား ကြေညာပေးခြင်းဆောင်ရွက်

တနင်္သာရီ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ပြည်သူ့စာကြည့် တိုက်အရှေ့ရှိ မြေစိုက်ဘုတ်တွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၃ရက် နေ့မှာကျရောက်မည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှုပပျောက်ရေး ပြည်သူအားလုံးပါဝင်ပေး အသိပညာပေး ဗွီနိုင်းပိုစတာများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စ၍ခရီးသွားမိဘပြည်သူများ၊ ကျောင်းသား မိဘများ၊ကျောင်းသား/သူများ အလွယ်တကူလေ့လာမှတ်သားနိုင်စေရန် စိတ်ဝင်စားဖွယ် ရောင်စုံစက္ကူများဖြင့် ကပ်ထားကြေညာပေးခြင်းကို ဆောင်ရွက်ပေးကြသည်။

ယနေ့ခေတ်တွင်အဖြစ်များနေသည့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို လေ့လာသိရှိနိုင်ပြီး ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှု ပပျောက်ရေး ပြည်သူအားလုံး ပါဝင်ပေး ဆောင်ပုဒ်နှင့်အညီ ရောင်းကုန်ထဲမှာလူမပါပါ၊ ကလေးသူငယ်များ အပေါ်အလွဲသုံးစား ပြုခြင်းများ၊လူကုန်ကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုပေါ်ပေါက်‌စေသည့် အခြေခံအကြောင်းအရာများ၊ လူကုန်ကူးခြင်းနှင့်လူမှောင်ခိုခြင်း၏အဓိပ္ပါယ်၊ လူကုန်ကူးခံရနိုင်သည့် အဓိကအကြောင်းအရာများစသဖြင့် (၃ပေ×၂ပေ)အရွယ်ရှိ အသိပညာပေးဗွီနိုင်း ပိုစတာများ နှင့်စာစောင်များကို ကပ်ပြကြေညာပေးထားကြောင်း သိရသည်။

နန်းသာရီ~ထိန်ဝင်း(ပြန်/ဆက်)