သရက်မြို့၌ ကိုဗစ်-၁၉‌ရောဂါ အသိပညာပေးဟောပြောပွဲနှင့်  Mask  Campaign  လှုပ်ရှားမှု ဆောင်ရွက်

သရက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ ဝင်များ၊ ပရဟိတအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောခြင်းနှင့် Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့် Mask Campaign ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခြင်းနှင့် အသိ ပညာပေးပိုစတာ ချိတ်ဆွဲခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သရက်မြို့  တောင်ဈေးတွင် ဒေသခံပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်နှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး အကြိမ်ပြည့် ထိုးနှံကြရန်၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာကြရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ အသိပညာပေး ပိုစတာချိတ်ဆွဲခြင်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ခရိုင် (ပြန်/ဆက်)