မိတ္ထီလာ စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု ထုံးအိုင်ကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသ ကြီး ရန်ပုံငွေ ၆.၄၁၃သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြေသားရေကန် ပြန်လည်ပြုပြင် တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သီးကုန်းကျေးရွာအုပ်စု ထုံးအိုင်ကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၆.၄၁၃သန်းဖြင့် ထုံးအိုင်ကျေးရွာတွင် အလျား ၁၅၀ ပေ ၊ အနံ ၁၅၀ ပေ၊ အနက် ၃ပေရှိ မြေသားရေကန် ပြန်လည်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇွန်လ ၂၇ ရက်နေ့က ဆောင်ရွက်လျက်ရှိရာ ၎င်းမြေသားရေကန်ပြန်လည်ပြုပြင် တူးဖော်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါမြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းပြီးစီး၍သီးကုန်းကျေးရွာအုပ်စု ထုံးအိုင် ကျေး ရွာရှိ ဒေသခံပြည်သူများမှာ ရာသီမရွေး သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် မြေသားရေကန် ပြန်လည်တူးဖော်ပြုပြင်ခြင်းလုပ်ငန်း၊ စက်ရေတွင်း တူးဖော်ခြင်းလုပ် ငန်း၊ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်း၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)