အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပခဲ့ရာ
Sep 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူ များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉) နာရီက ကျွဲကူးခရားရိုးကျေးရွာအုပ်စု၊ ကျွဲကူးခရားရိုး ကျေးရွာရှိ ကျေးရွာအုပ်ချုပ် ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ရုံး၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းရုံး၏ မြောက်ဘက်မြစ်ဘေး၊ အရန်မီးသတ်တံတား အုပ်ပုံဆိပ်သို့ ဘိုကလေးမြို့နယ်နှင့် ထိစပ်နေသော ပင်လယ်ပြင်မှ မျောပါလာသည်ဟု ခန့်မှန်းယူဆရသည့် ရှင်ဥပဂုတ္တဖောင်တော်သည် လွန်ခဲ့သည့် (၁၀)ရက်ခန့်က ရောက်ရှိဆိုက်ကပ်ခဲ့ပြီး စက်တင်ဘာ(၁၃)ရက် ညနေ(၃)နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့မှ ဖောင်တော်အား သင်္ဘောဖြင့်တွဲ၍ ဘိုကလေးမြို့နယ်မှ ရန်ကုန်မြို့သို့ သွားရောက်သည့် မြစ်ဝအရောက်ပင့်ဆောင်ကာ ပြန်လည်မျှောတော်မူခဲ့သည်။
Sep 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မူးယစ်ဆေးဝါးအသိပညာပေး Talk Show ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင်ယနေ့နံနက် (၉)နာရီက (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန် ဦးဆောင်မှုဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း BA4, BA5 ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများကို အပိုထပ်ဆောင်းအနေဖြင့် အ-ထ-က (၁)ကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြသည်။
Sep 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့မဈေးအရှေ့၌  အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊  လှိုင်းဘွဲတပ်နယ်မိသားစုများက အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်းသိရသည်။