အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က နေပူကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
Sep 14,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.ကဆင်တဲကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေး ထိုးကွင်းဆင်းအဖွဲ့များက ဩဂုတ် ၁၅ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
Sep 14,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေးအတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကို
Sep 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုဟောခန်းမ၌ မူကြိုကလေးမိဘများအား အဆိုးရွားဆုံး ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေလယ်(၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ယမန်နေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 14,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နှစ်ရှည်ထောပတ်ပင်နှင့် ကော်ဖီပျိုးပင်များကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က
Sep 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ပန်းတင်ကျေးရွာရှိ သဘာဝရေပြင် (ကညင်ချောင်း)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်ကျင်းပခဲ့သည်။