အမြို့မြို့အနယ်နယ်သတင်းများ

Sep 14,2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရေဘေးကယ်ဆယ်ရေးအတွက် လူလေးယောက်စီး သံလှေ(၄) စီးကို လူမှုကူညီရေးပရဟိတအသင်းသို့ ဦးစိုင်းစိုင်း BM (သွပ်အမိုးပြားနှင့် လိပ်တံခါး) စက်ရုံမှ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါစက်ရုံ၌ လှူဒါန်းပေးခဲ့ကြောင်း
Sep 14,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁၂)ရက်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်းတွင် ကျင်းပပြုလုပ် ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ (၁၀) မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။
Sep 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြိုတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွ‌ယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အထက(၁) ရွေညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Sep 14,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင်
Sep 14,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမနှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်ရသော ကျေးရွာစီမံကိန်းလုပ်ငန်းများကို ကဏ္ဍအလိုက် ထိရောက်မြန်ဆန်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အနေဖြင့် လုပ်ငန်းတာဝန်များကို ချိတ်ဆက်ပူးပေါင်း ကြိုးစားထမ်းဆောင်ကြရေး ယမန်နေ့ ညနေ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် စိုက်ပျိုး မွေးမြူရေး ဆောင်ရွက်သော ပြည်နယ်/ခရိုင်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အောင်ဆန်းရပ်ကွက် စက်တန်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 
Sep 14,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်၊ ယနေ့တွင် ကျရောက်သော လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို
Sep 14,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက် မြို့အဝင်ဂိတ်များ၊ လမ်းမကြီးများတို့တွင် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခတပ်မတော်၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က (၇) လမ်းမကြီး၊ ခရိုင်တရားရုံးရှေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။