လဲချားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးပင်များ အခမဲ့ဖြန့်ဖြူးပေး

လဲချား စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နှစ်ရှည်ထောပတ်ပင်နှင့် ကော်ဖီပျိုးပင်များကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က အခမဲ့ဖြန့်ဖြူး ပေးခဲ့သည်။

အဆိုပါ ပျိုးပင်များအခမဲ့ဖြန့်ဖြူးပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုင်းသန်းစိန်နှင့် ဝန်ထမ်းများမှ ဝမ်ထီကျေးရွာအုပ်စု ဝမ်မိုင်တိန်းလီကျေးရွာရှိ တောင်သူများအတွက် နှစ်ရှည်ပျိုးပင်ထောပတ်ပင် (၂၀၀)ပင်နှင့်ကော်ဖီပျိုးပင် (၁၀၀၀)ပင်၊ စုစုပေါင်း (၁၂၀၀)ပင်တို့အား တောင်သူများအတွက် အခမဲ့ဖြန်ဖြူးပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)