ကျွန်းစု စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုဟောခန်းမ၌ မူကြိုကလေးမိဘများအား အဆိုးရွားဆုံး ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေလယ်(၂)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သီနွဲ့က ကလေးအလုပ်သမားဆိုတာ ဘာလဲ၊ ကမ္ဘာ့စစ်တမ်းအရ ကမ္ဘာမှာ အသက်(၅)နှစ်မှ (၇)နှစ် ကလေးတွေ အလုပ်လုပ်နေရ ကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမား(၁.၁)သန်း (၆)သိန်း ရှိကြောင်း၊ အသက် (၁၈)နှစ် အောက် ကလေးများ ကာကွယ်ပေးဖို့အတွက် မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသားကော်မတီကို ဖွဲ့စည်းထားကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ မူလတန်းကြိုကျောင်းအုပ် ဒေါ်ဝင်းစန္ဒာအေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဆောင် ရွက်ချက်များ၊ ဆောင်ရန် ရှောင်ရန်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရတဲ့ ကလေးအလုပ်သမားအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ် (ကျွန်းစု ပြန်/ဆက်)