အင်္ဂပူ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ပန်းတင်ကျေးရွာရှိ သဘာဝရေပြင် (ကညင်ချောင်း) အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်ကျင်းပခဲ့ သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ မြန်အောင်ခရိုင်၊ ငါးလုပ်ငန်း ဦးစီးဌာနမှူး (ယာယီ)ဒေါ်အေးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် မြို့နယ်မျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုသမီး ရေးရာအဖွဲ့ဝင်များ၊ ဟင်္သာတငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးငြိမ်းချမ်းနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး ငါးမြစ်ချင်း သားပေါက် ကောင်ရေ (၂)သိန်း (၆)သောင်းတို့ကို သဘာဝရေပြင်(ကညင်ချောင်း)အတွင်းသို့ မျိုးစိုက်ထည့်ခဲ့ကြသည်။
အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး အင်္ဂပူမြို့နယ်အတွင်းရှိ သဘာဝရေပြင်များအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း (ဒုတိယ) အကြိမ်မြောက် ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည် ။
မန်းကျော်(ပြန်/ဆက်)