ညောင်လေးပင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ညောင်လေးပင်   စက်တင်ဘာ   ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သတ်သော အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ယဉ်ယဉ်ထွေးမှ စားသုံးသူရေးရာနှင့်သက်ဆိုင်သောအကြောင်းအရာများ၊ စားသုံးသူများ၏ အခွင့်အရေးနှင့်ပတ်သတ်သောအကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျောင်းရှိမုန့်စျေးတန်များအား မြို့နယ်စာသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ရက်လွန်မုန့်များမရောင်းရန်၊ မြန်မာအင်္ဂလိပ်စာတန်းထိုးပါသောမုန့်များရောင်းချရန်နှင့် အသုတ်များရောင်းရာတွင် ယင်လုံဇကာများအုပ်၍ရောင်းချရန်စသည် အချက်များကို ဆွေးနွေးပြောခဲ့ပါသည်။

အဆိုပါဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်ဆက်