အမြို့မြို့အနယ်နယ်သတင်းများ

Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးမည့် ဆောင်းသီးနှံနှင့် နွေစပါးလျာထားမှုဧကများ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Sep 16,2022
နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့်အသိပညာပေးခြင်းကို
Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် ၉ နှစ်နှင့် ၉ နှစ်‌အောက် ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦး‌နှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဝါးခယ်မမြို့ အ.မ.က ဈေး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ကျိုက္ကလွန်ဗွန်းဘုရားရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံ စားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်က ရောင်းချပေးလျက်ရှိသည်။
Sep 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ်(၅)ရပ်ကွက်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်း၍ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ
Sep 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.က ထုံးဘိုကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်းသိရသည်။
Sep 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌   ယနေ့နံနက် ၁၁ နာရီအချိန်က ကျောင်းသား/ ကျောင်းသူများအား တီထွင့်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ “ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ရေးနေ့” အထိမ်းအမှတ်အဖြစ်  ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။