ဝါးခယ်မမြို့ အ.မ.က ဈေး၌ အသက် ၉ နှစ်နှင့် ၉ နှစ်‌အောက် ကျောင်းသား၊ ကျောင်းသူ များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဝါးခယ်မ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် ၉ နှစ်နှင့် ၉ နှစ်‌အောက် ကျောင်းသား၊ ကျောင်းသူများအား ဂျပန်ဦး‌နှောက်ရောင်ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဝါးခယ်မမြို့ အ.မ.က ဈေး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ်များ ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ကလေးငယ်များအား ရောဂါများကင်း‌ဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်‌ရောဂါ၊ ဂျပန်ဦးနှောက်ရောင် ရောဂါ၊ မေးခိုင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးများကိုလည်း လစဉ်ထိုးနှံပေးလျက်ရှိပြီး ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကာကွယ်ဆေးထိုးနှံခြင်းကို ဝါးခယ်မမြို့ အ.မ.က ဈေး၌ အသက် ၉ နှစ်နှင့် ၉ နှစ်‌ အောက်ကျောင်းသား၊ ကျောင်းသူ (၁၆၃)ဦး ထိုးနှံလျက်ရှိကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)