လှည်းကူး စက်တင်ဘာ ၁၆
နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေခြင်းနှင့်အသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့၊ မြို့မစျေးကြီးရှေ့၊ အမှတ်(၁)YBSကားဂိတ်နှင့် ယင်းတိုက်ပင်အခြေခံညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်ပြည်သူများ၊ ကျောင်းသား/သူများနှင့် ဒေသခံမိဘပြည်သူများအား နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း စနစ်တကျနေထိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေ ပြည့်ဝစွာထိုးနှံရေးတို့ကို အသိပညာပေးပြောကြားပြီး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)