ဓနုဖြူ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ကျိုက္ကလွန်ဗွန်းဘုရားရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံ စားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်(၉)နာရီအချိန်က ရောင်းချပေးလျက်ရှိသည်။
ထို့သို့ရောင်းချပေးရာတွင် ဓနုဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခမရ (၁၀၈)၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းတို့မှ ဆန် (၁)ပြည်လျှင် (၁၅၀၀)ကျပ်၊ ဆီ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ကြက်ဥ (၆) လုံးလျှင် (၁၀၀၀) ကျပ်၊ အိုင်အိုဒင်းဆား (၁)ထုပ်လျှင် (၂၀၀)ကျပ်နှုန်းနှင့် တပ်မတော်စက်ရုံမှ ထုတ်လုပ်သော ပစ္စည်းများအား ဓနုဖြူမြို့နယ်အတွင်းရှိ လူဦးရေ (၆၀၀)ခန့်အား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ပြီး ပြည်သူများအား နှာခေါင်းစည်း(mask)များ အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။
သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့်စားသောက်ကုန်စ္စည်းများ ရောင်းချပေးခြင်းကို တနင်္လာနေ့နှင့် သောကြာနေ့များတွင် အပတ်စဥ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)