ညောင်တုန်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးမည့် ဆောင်းသီးနှံနှင့် နွေစပါးလျာထားမှုဧကများ စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးထုတ်လုပ်မှု အကြောင်းအရာများနှင့်ပတ်သက်၍ ဆောင်းသီးနှံ၊ ဆီထွက်သီးနှံ (နေကြာ)နှင့် နွေစပါးစိုက်ပျိုးရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ လျာထားစိုက်ဧက ပြည့်မီစေရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးနှင့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်းပြောကြားပြီး ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၅)အုပ်စုရှိ နေကြာသီးသန့်စိုက်ဧက ၁၆၀၀ ဧကနှင့် သီးညှပ်စိုက်ဧက ၁၂၀၉၂ ဧက လျာထားပြီး နွေစပါးစိုက်ဧက ၅၁၄၇၀ ဧကအား လျာထားချက်ပြည့်မှီရေးနှင့် အထွက်နှုန်း တိုးတက်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)