Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လယ်ဝေးမြို့နယ်တွင် ငလျင် အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းအခမ်းအနားကျင်းပ
Sep 17,2022
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်များအနက် ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည့် ဘေး အန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို သိရှိ လိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာန၊
အပြည့်အစုံ ဖတ်ရန်
ဒေသလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးနှင့် ရပ်ရွာလုံခြုံအေးချမ်းသာယာရေးတို့အတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေး
Sep 17,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ဒေသလိုအပ်ချက်များဖြည့်ဆည်းပေးနိုင် ရေးနှင့်ရပ်ရွာလုံခြုံအေးချမ်းသာယာရေးတို့အတွက် မင်းဘူးခရိုင် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့မှ ငဖဲမြို့နယ် ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးတင့်ကျော်၊ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးနိုင်ဦးကျော်၊ ခရိုင်ပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း ၊ ငဖဲမြို့နယ်ပြည်သူ့လုံခြုံရေးကြီးကြပ်မှုအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာပြည်သူ့လုံခြုံရေး ကြီးကြပ်မှုအဖွဲ့ဝင်များ စုစုပေါင်း(၁၆၉)ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းရံသင်တန်းဖွင့်လှစ်
Sep 17,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ရပ်ကွက်နေပြည်သူများ အသက်မွေးဝမ်းကြောင်းနှင့် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံပန်းရံသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 17,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြောက်၌ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက (၂၉)ရပ်ကွက်ရှိ အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေး
Sep 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိကိုင်ဆောင်နိုင်ရေးအတွက် မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ပါမိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့ မဟာတေဇာဓိပတိစေတီတော်၌ အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၈ နာရီအချိန်က မိုင်းပန်မြို့အဝင် မဟာတေဇာဓိပတိစေတီတော်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အတွင်းရှိ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC/ ACHC ကုမ္ပဏီမှ စားနပ်ရိက္ခာ…
Sep 17,2022
ကချင်ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC / ACHC ကုမ္ပဏီတို့မှ မြန်မာငွေကျပ် ၂၅၉ သိန်းကျော်တန်ဖိုးရှိ ကုလားပဲ၊ ဆီ၊ ကြာဆံ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လက်ခံရယူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15980
Page
15981
Page
15982
Page
15983
Current page
15984
Page
15985
Page
15986
Page
15987
Page
15988
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department