အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ  စုပေါင်းသွေးလှူဒါန်းခြင်း၊ အများပြည်သူအသုံးပြုနေရာများတွင်
Sep 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်​မြို့အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၇:၀၀)က ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ရှိ စည်ပင်သာယာစျေးများတွင် စျေးရောင်းစျေးဝယ်သူများအား ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။
Sep 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် ရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ ရဲတပ်ဖွဲ့ဝင်များက ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေး လှူဒါန်းကြောင်း သိရသည်။
Sep 19,2022
(၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက
Sep 19,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်တွင် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့်စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ခရိုင်စားသုံး သူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာဝန်ထမ်းများအား ဈေးနှုန်းချိုသာစွာ ဖြင့် စားအုန်းဆီတစ်ပိဿာ (၅၂၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Sep 19,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားစေရေး လိုအပ်ချက်များအား အစဉ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၌ အရှေ့ငယ်တိုးကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိရာလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Sep 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ရှမ်းရွာအုပ်စု၊ တင်းကုတ်ကြီးကျေးရွာရှိ စိတ္တသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။