အမြို့မြို့အနယ်နယ်သတင်းများ

Sep 17,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာအုပ်စုအတွင်းရှိ ခိုင်တောင်ကျွန်းအတွင်း သီးနှံစိုက်ပျိုးသူ တောင်သူများအား နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စံပြစိုက်ကွင်းတစ်ခုအဖြစ် ရင်းနှီးမတည်၍ သီးနှံစိုက်ပျိုးထုတ်လုပ်သူများ အသင်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးတောင်သူများ၊ ကွင်းမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Sep 17,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့် ဧရာဝတီတိုင်းဒေသ​ကြီး ပန်းတနော်မြို့သို့ရောက်ရှိပြီး အ.ထ.က(၁)မြတ်ပညာခန်းမ၌ တိုင်ရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့တက်ရောက်ခဲ့သည်။
Sep 17,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ (၁:၃)ရောစပ်ကြဲပက်ပွဲနှင့်သမန်းနိုးစက်ဖြင့် သမန်းနိုးခြင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက  သပြေသာကျေးရွာ၊ ကွင်းအမှတ်(၁၂၇၉)၊ တောင်သူဦးအောင်စိန်၏ ကောက်စိုက်စက်စံပြစိုက်ကွက်တွင် ကျင်းပသည်။
Sep 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၅ နယ်မြေရှိ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ အသက် ၅ နှစ်မှ အသက် ၉နှစ်ရှိ ကျောင်းသားကျောင်းသူများအား ဦးနှောက် အမှေးရောင်ရောဂါ ကာကွယ်ဆေးကို
Sep 17,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ ဆင်ဖြူကျွန်းမြို့၌ ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင် ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ယနေ့ နံနက် ၈ နာရီအချိန်က လူစည်ကားရာ‌ ဆင်ဖြူကျွန်းမြို့မစျေးနှင့် နွယ်တမယ်တံတားထိပ် ယာဥ်အသွားအလာ စည်ကားရာနေရာ၌ (Mask Campaign)ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီက မိုင်းပျဉ်းမြို့ မြို့မစျေးကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 17,2022
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်၊ မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ
Sep 17,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့ကို ခရိုင်မြို့ဖြစ်သည်နှင့်အညီ မျက်စိပသာဒကျပြီး သန့်ရှင်းသာယာလှပသောမြို့အဖြစ် ဆောင်ရွက်ရန်လိုအပ်သည့်အတွက် ယနေ့နံနက်(၇)နာရီအချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။