Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်ရှိရဲတပ်ဖွဲ့ဝင်များစုပေါင်းသွေးလှူဒါန်း
Sep 20,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ သက်သာသောဈေးနှုန်းဖြင့် တတိယအကြိမ် ရောင်းချပေး
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆန်နှင့် စားသုံးဆီများဈေးနှုန်း သက်သာစွာဖြင့် တတိယ အကြိမ် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ် စုစည်းကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပည…
Sep 20,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက စုစည်းကျေးရွာ၌ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၁၃၁၃)ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Sep 20,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၃၁၃)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရင်းငြိမ်ချောင်း သဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းခွဲ မျိုးစိုက်ထည့်
Sep 20,2022
မွန်ပြည်နယ်တွင် ငါးသယံဇာတများတိုးပွားပြီး ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးအတွက် ယနေ့ နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ရင်းငြိမ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ စုစုပေါင်း တစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 20,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၄၀)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်တွင် Booster (Sinovac)၊ Sinopharn၊ Covaxin၊ Sinovac ကာကွယ်ဆေးများ ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေး
Sep 20,2022
သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ရက်နေ့ (၁၀:၀၀) နာရီတွင် မင်းဒင်လမ်းရှိ၊ ပုညကာရီ ဓမ္မာရုံတွင် Sinopharm/Sinovac ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) အား ရာနှုန်းပြည့်ပြီးစီးရေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 20,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15881
Page
15882
Page
15883
Page
15884
Current page
15885
Page
15886
Page
15887
Page
15888
Page
15889
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department