အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်အလိုက် ပြည်သူများသို့စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် တန်ဖိုးသင့်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ စက်တင် ဘာလ(၂၀)ရက်နေ့ နံနက်(၈)နာရီအချိန်က ခန္တီးမြို့၊ ဆီးဖြူကုန်းရပ်ကွက်ဈေးအနီးတွင်
Sep 20,2022
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၀) နာရီက မင်းကွန်းသရက်ပင် ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအမှတ် (၅) မှ ကျောင်းသား၊ ကျောင်းသူများအား ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပပေးခဲ့ကြောင်း သိရသည်။
Sep 20,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆန်နှင့် စားသုံးဆီများဈေးနှုန်း သက်သာစွာဖြင့် တတိယ အကြိမ် ရောင်းချပေးလျက်ရှိ‌သည်။
Sep 20,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက ​စုစည်း​ကျေးရွာ၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Sep 20,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၃၁၃)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ် လျက်ရှိကြောင်း သိရသည်။
Sep 20,2022
မွန်ပြည်နယ်တွင် ငါးသယံဇာတ‌များတိုးပွားပြီး ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးအတွက် ယနေ့ နံနက်က ငါးလုပ်ငန်းဦးစီးဌာနမှ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာရှိ ရင်းငြိမ်ချောင်း သဘာဝရေပြင်အတွင်းသို့ ငါးသားပေါက်ကောင်ရေ စုစု‌ပေါင်း တစ်သိန်းခွဲကို မျိုးစိုက်ထည့်ပေးခဲ့ကြသည်။
Sep 20,2022
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်မှုဖြင့် မြို့နယ်အတွင်း ပြည်သူများအတွက် အခြေခံစားသောက်ပစ္စည်းများကို နေ့စဉ်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၄၀)ရပ်ကွက်၊ ဦးဘချိုလမ်းရှိ အုပ်ချုပ်‌ရေးမှူးရုံးတွင် ရပ်ကွက်နေ ပြည်သူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။