ကျောင်းကုန်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ အမှတ် (၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ဆန်နှင့် စားသုံးဆီများဈေးနှုန်း သက်သာစွာဖြင့် တတိယအကြိမ် ရောင်းချပေး လျက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းတို့ ကြီးကြပ်လျက် ဆန်တစ်ပြည်ကို ငွေ(၁၅၀၀)ကျပ်၊ စားသုံးဆီ (၅၀)သားကို ငွေ(၃၅၀၀)ကျပ်တို့ဖြင့်ဈေး နှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)