Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိ၊ မြို့ဖများနှင့် ပရဟိတအဖွဲ့များ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် မိုးစပါး Rs-Cs မျိုးစေ့ထုတ်စိုက်ခင်း နည်းပညာပေးခြင်းနှင့် စုပေါင်းမြေဩဇာကြဲပက်ပွဲပြုလုပ်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ မိုးရာသီတွင် မိုးစပါး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိစေရန် မျိုးသန့်စိုက်ခင်းများစိုက်ပျိုးလျက်ရှိရာစိုက်ပျိုးပြီးသော စိုက်ခင်းများကို ဓာတ်မြေဩဇာအချိန်ကိုက်အချိုးညီ သုံးစွဲတတ်စေရန်နှင့် အလေအလွင့်နည်းပါးစေရန် နည်းပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီက မင်းလှကျေးရွာအုပ်စု ကွင်း အမှတ် ၁၈၄၂ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာ မနောသုခမျိုးစေ့ထုတ် စိုက်ခင်း ၄ ဧက၌ နည်းပညာပေးခြင်းနှင့်စုပေါင်းမြေဩဇာကြဲပက်ခြင်း ပြုလုပ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုရှိ/မရှိ အသိပညာပေး စစ်ဆေးဆောင်ရွက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်မှ ကင်ဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ လမ်းမတော်လမ်း၊ မြို့ဝင် လမ်းထိပ်နှင့် ပန်းရံစုလမ်းထိပ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ (Positive Centre) နှင့် (Quarantine Centre) ထားနိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 20,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ (Positive Centre)နှင့် (Quarantine Centre) ထားရှိနိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံက် (၇;၃၀)နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့တွင် စာဖတ်ရှိန်မြင့်မားရေးအတွက် Mobile စနစ်ဖြင့် စာအုပ်များ အခမဲ့ငှားရမ်းပေး
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပြည်သူများ စာပေဗဟုသုတ ကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီမှ လုပ်ငန်းလိုင်စင်လျှောက်ထားမည့် ကာရာအိုကေဆိုင်အား ကွင်းဆင်းစစ်ဆေး
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့တွင် ကာရာအိုကေဆိုင် ဖွင့်လှစ်နိုင်ရန် လုပ်ငန်းလိုင်စင်လျှောက်ထားသော ရွှေမင်းသားစားသောက်ဆိုင်အား ယမန်နေ့ညနေပိုင်းက ဗီဒီယိုလုပ်ငန်း စီစစ်ကြီးကြပ်ရေး ကော်မတီဝင်များမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေစကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Sep 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသားလူငယ်များ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အပြန်အလှန် ဆွေးနွေးတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာပေစကားဝိုင်းကို မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး ဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ
Sep 20,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးဖွင့်လှစ်ခြင်းနှင့် ဆိုင်းဘုတ်တင်အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင်-ကြံခင်းကားလမ်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15874
Page
15875
Page
15876
Page
15877
Current page
15878
Page
15879
Page
15880
Page
15881
Page
15882
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department