အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2022
ချင်းပြည်နယ်အတွင်း အသစ်တိုးချဲ့ဖွဲ့စည်းထားသော တီးတိန်ခရိုင်နှင့် ပလက်ဝခရိုင်ရုံးများအတွက် မြေနေရာရရှိရေးနှင့် ဟားခါးမြို့ ရုန်းတောင်ကြိုးပြင် ကာကွယ်တောသတ်မှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နေ ပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်/လမ်း အန္တရာယ်ကင်းဝေးစေရေးအတွက် ချောင်းသာမြို့ ပုသိမ်-ချောင်းသာ ပင်မလမ်းကြီးတွင် ဖြတ်သန်းသွားလာ နေသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ အား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်လမ်းညွှန်မှု၊ ​​ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာ ပထမပတ်မှ စတင်၍ ပြည်သူများ‌ ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။     
Sep 20,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၉)နာရီက ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး မှတ်တမ်း ရေးသွင်းနည်း ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
Sep 20,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန်မြို့နယ်တွင် ၂၄ ကြိမ်မြောက် မြို့နယ်ဝိနယာနုဂ္ဂဟ စာမေးပွဲကျင်းပနိုင်ရေး ပထမအကြိမ် အကြိုညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီက မဏိဇေယျုံစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 20,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်ရှိ အိမ်ထောင်စု (၁၅၅)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Sep 20,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။