ဝါးခယ်မ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်ရှိ အိမ်ထောင်စု (၁၅၅)စုအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ရောင်းချပေးရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကျုံမငေးမြို့၊ သီရိဟေမာရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအား အိမ်ထောင်စုတစ်စုလျှင် ဆန်(၃)ပြည်နှုန်း ၃၀၀၀ ကျပ်၊ ဆီ (၅၀)ကျပ်သား၊ ကြက်ဥ(၂)လုံး ၃၀၀ ကျပ်၊ ဆား(၅၀)ကျပ်သားနှင့် ဟင်းသီးဟင်းရွက်တစ်မျိုး ၂၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)