လယ်ဝေး စက်တင်ဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၉)နာရီက ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး မှတ်တမ်း ရေးသွင်းနည်း ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဆောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှူး ရဲမှူးမြင့်အောင်က ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးဆိုင်ရာ အချက်အလက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆက်လက်ပို့ချခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်သန္တာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၀ မှ ၂၁ရက် အထိ (၂)ရက်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)