ဘားအံ စက်တင်ဘာ ၂၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီ ၈ ခုကိုဖွဲ့စည်းပေးထားပြီး မိမိတို့နှင့်သက်ဆိုင်သည့်လုပ်ငန်းကော်မတီအလိုက် ခရိုင်၊ မြို့နယ်အဆင့်များတွင် ဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း၊ လုပ်ငန်းကော်မတီများ၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းများကို မျက်ခြေမပျက်ဆောင်ရွက်ဖို့လိုပြီး လိုအပ်သည့် အခက်အခဲ၊ အကြံဉာဏ်များကို တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က ပြည်နယ်အတွင်း အသက်(၁၈)နှစ်အောက်အရွယ်ရှိ အလုပ်လုပ်ကိုင်နေသည့် ကလေးဦးရေစာရင်း ကောက်ယူထားရှိမှု၊ အခြေခံကွန်ပျူတာသင်တန်း၊ စက်ချုပ်သင်တန်း၊ အိမ်တွင်း လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်း၊ ဂဟေဆက်သင်တန်းအစရှိသည့် သက်မွေးသင်တန်း များကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနိုင်မှု၊ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးနိုင်မှု၊ ကလေးအလုပ်သမားဆိုင်ရာ ဥပဒေရေးရာစံလက်စွဲစာအုပ်များ ဖြန့်ဝေပေးထားမှု စသည့်လက်ရှိ ဆောင်ရွက် နေသည့်လု ပ်ငန်းများနှင့်ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာကော်မတီနှင့်စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ပြည်နယ်အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကလေးအလုပ် သမားနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် လုပ်ငန်းကော်မတီအလိုက် အတွင်းရေးမှူးများက မိမိတို့ကော်မတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး အစည်း အဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းဖြည့်စွက် အကြံပြုဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)