ဖားကန့် စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန်မြို့နယ်တွင် ၂၄ ကြိမ်မြောက် မြို့နယ်ဝိနယာနုဂ္ဂဟ စာမေးပွဲကျင်းပ နိုင်ရေး ပထမအကြိမ် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက မဏိဇေယျုံစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တကဝိသာရမှ စာမေးပွဲနှင့် ပက်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နာ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်မှ သာသနာ ရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၄ ကြိမ်မြောက် မြို့နယ်ဝိနယာနုဂ္ဂဟ စာမေးပွဲအား လာမည့်ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ မြို့နယ်အတွင်းရှိ ကျောင်းထိုင် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)