ရေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီ အစည်းအဝေးကျင်းပ

ရေး စက်တင်ဘာ ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင်လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းရေးဆွဲ အကောင်ထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ရေးခရိုင်အထွေထွေအုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပထမဦးစွာ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းက မိမိတို့ဒေသရပ်ရွာများဖွံ့ဖြိုးရေးအတွက် လမ်းတံတား၊ အဆောက်အဦများကို ပထမဦးစား၊ ဒုတိယဦးစားပေးအနေနဲ့ ဆောင်ရွက်ကြရန်ဖြစ်ပြီး ဒေသခံပြည်သူများ တင်ပြသည့်ထဲမှ တကယ်လိုအပ်သည့် နေရာများကို အဓိကဦးစားပေးတင်ပြကြရန်နှင့် ကျန်ရှိမှုမရှိစေရေးအတွက် အဓိကထားလုပ်ဆောင်ကြရန် ပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးပိုင်မှ ဌာန တွင်း ဆောင်ရွက်ရန်ကိစ္စများနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရန် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ရက်အရောက် ပေးပို့ကြရန်ဖြစ်ပြီး လိုအပ်သည့်ပုံစံနှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးရာ တတ်ရောက်လာသည့် ဌာနဆိုင်ရာများမှ သိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)