Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းကိုင်မြို့နယ်အတွင်း မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 10,2026
ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ လွိုင်လင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်နှင့် ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိုင်းကိုင်မြို့နယ်အတွင်း မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း မြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေး
Jan 10,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျိုက်လတ်မြို့နယ် အတွင်းရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်ပြိုင်ပွဲ ကျင်းပ
Jan 10,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဖူဆယ်အားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၉ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့နယ် မဲရုံများတွင် မဲပေးစက်များ တပ်ဆင်ပြီးစီး
Jan 10,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က ရပ်ကွက်နှင့် ကျေးရွာအုပ်စုမဲရုံများသို့ မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ စတင်ထုတ်ပေးခဲ့ရာ ယနေ့တွင် မဲရုံများတွင် မဲပေးစက်များ တပ်ဆင်ပြီးစီးကြောင်းနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်သူများ ရောက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ် အ.ထ.က(ဆိပ်သာ)ကျောင်း၌ (၇၉)နှစ်မြောက် ပြည်ထောင်နေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ အ.ထ.က၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့(အကြို) အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ အဆိုပါကျောင်း စာသင်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ
Jan 10,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သဲကုန်း)ရှိသာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်အတွင်းရှိ TBL-9 မတ်ပဲစိုက်ဧကများတွင် နွားကျင်ငယ်ရေသုံးစွဲ၍ ရွက်ဖျန်းမြေဩဇာဖျန်းပက်ခြင်း ဆောင်ရွက်
Jan 10,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးထားသော TBL-9 မတ်ပဲစိုက်ဧကများတွင် နွားကျင်ငယ်ရေသုံးစွဲ၍ ရွက်ဖျန်းမြေဩဇာဖျန်းပက်ခြင်းကို ယမန်နေ့က သဲကုန်းမြို့နယ်၊ ချားလျားကုန်းအုပ်စု၊ ဖလံကုန်းကျေးရွာ၊ ကွင်းအမှတ်(၉၇၆)၊ တောင်သူဦးဝင်းမြင့်၏ TBL-9 မတ်ပဲ(၅)ဧကစိုက်ခင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် မိုင်းယောင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအား ကြည့်…
Jan 10,2026
ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1581
Page
1582
Page
1583
Page
1584
Current page
1585
Page
1586
Page
1587
Page
1588
Page
1589
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department