အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို မဟာဆောင်ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Jan 10,2026
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  မြင်းမူမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ၌ မဲပေးစက်များ တပ်ဆင်ခင်းကျင်းထားရှိမှုအား ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း    ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 10,2026
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၌ မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊မဲပေးစက်ကိုင်များအား အီလက်ထရောနစ် နည်းပညာပိုင်းဆိုင်ရာ မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်း မွမ်းမံသင်တန်းအခမ်းအနားကို ယနေ့နံနက် ၉နာရီ က ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ကျင်းပသည်။
Jan 10,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ ၂၀၂၆-ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၈ နာရီက မဲရုံအသီးသီးတွင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Jan 10,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် တစ်ပိုင်တစ်နိုင်အဖြစ်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း၊ တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေး အဆင်ပြေစေရေးအတွက် လည်းကောင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
Jan 10,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ အီလက်ထရောနစ်မဲပေးစက်ဖြန့်‌ဝေနေမှုနှင့် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲရုံခင်းကျင်းပြင်ဆင်ထားမှုတို့အား ယမန်နေ့တွင် လိုက်လံကြည့်ရှု‌စစ်‌ဆေးကြောင်း သိရသည်။
Jan 10,2026
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
Jan 10,2026
ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း- မြန်မာချစ်ကြည်ရေးအမှတ်(၁)တံတား၌ ယနေ့ နံနက် (၉ နာရီခွဲက  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတကာခရီးသွားဧည့်သည်များ၏ ဝိသေသလက္ခဏာရပ်များကို သရုပ်ဖော်ရန်၊ ခရီးစဥ်ဒေသများသို့ လာရောက်ရခြင်းရည်ရွယ်ချက်များ၊ ခရီးသွားလာမှု အနေအထား၊ နေထိုင်မှုကာလနှင့်အသုံးစရိတ်ဝန်ဆောင်မှုများအပေါ် စိတ်ကျေနပ်မှုအနေအထားများကို သိရှိနိုင်စေရန်အတွက် ပြည်ဝင်ခရီးသွား စစ်တမ်း (Inbound Tourism Survey)များ ကောက်ယူခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြသည်။