ပေါင်းတည်မြို့နယ် မဲရုံများတွင် မဲပေးစက်များ တပ်ဆင်ပြီးစီး

ပေါင်းတည် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့က  ရပ်ကွက်နှင့် ကျေးရွာအုပ်စုမဲရုံများသို့ မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ စတင်ထုတ်ပေးခဲ့ရာ ယနေ့တွင် မဲရုံများတွင် မဲပေးစက်များ တပ်ဆင်ပြီးစီးကြောင်းနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်သူများ ရောက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

ထိုဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု  စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ပေါင်းတည်မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၇၅၉၁၇ ဦးရှိပြီး မဲရုံ ၆၉ ရုံ ဖြင့်ဇန်နဝါရီလ ၁၁ ရက်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေသား(IPRD)