အမြို့မြို့အနယ်နယ်သတင်းများ

May 20,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။
May 20,2025
မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်သည် ယနေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ဖွင့်လှစ်လျက် ရှိသော မိုးစပါးအထွက်နှုန်းတိုးတက်ရေး အသိပညာပေးသင်တန်းတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသတွင်းဆန်စပါးဖူလုံပိုလျှံရေး၊ တောင်သူပညာပေးစိုက်ပျိုးထားသည့် ပန်းတိုင်အထွက်နှုန်း ရရှိရေး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော စံပြကွက် (၂၀၀) ဧကအား ကွင်းဆင်းကြည်ရှုခဲ့ကြောင်း သိရသည်။
May 20,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလပ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး ပူးပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဟူသည့် ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက မြဝတီမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
May 20,2025
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား၀န်ထမ်းများ လက်မှုပညာရပ်ဖြင့် အခမ်းအနားများတွင် ကူညီဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့် ပန်းအလှထိုးနည်း သင်တန်းကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့သည်။
May 20,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့်နှင့် မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
May 20,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်၍ မြို့အဝင်အထွက်နှင့်မြို့တွင်း သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို ယခု မေလ ၂၀ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် လေ့ကျင့်ရေးအလယ်တန်းကျောင်းရှေ့တို့ ယနေ့ နံနက်(၈)နာရီခွဲအချိန်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပသည်။