Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ ပထမအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ ထာဝရဆွမ်းလောင်းအသင်းဓမ္မာရုံ၌ မေ ၁၈ ရက်နေ့ ညနေ ၄ နာရီက ပထမအကြိမ်မြောက် ထာဝရဆွမ်းလောင်းအသင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ အသက် (၁) နှစ် မှ (၅) နှစ်အတွင်းရှိ ကလေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေး
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါများ မဖြစ်ပွားစေရန်အတွက် အမီလိုက်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း၏ နောက်ဆက်တွဲအဖြစ် ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ရပ်ကွက်များအတွင်း ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၆)ကြိမ်မြောက် နွေရာသီပညာပါရမီယဉ်ကျေးလိမ္မ…
May 20,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၏ (၆)ကြိမ်မြောက် နွေရာသီပညာပါရမီအဖြစ် ကျောင်းသား/ ကျောင်းသူများအား ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းများကို (၃-၃-၃၀၂၅)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့မွန်းလွဲ (၁) နာရီတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောဿတ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူမြို့၌ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြား ပို့ချဆွေးနွေးလျက်ရှိ
May 20,2025
ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့၊အထက(၁)၊အထက(၂)နှင့်အထက(၄)တို့၌ ခရိုင်ပညာရေးမှူးရုံးမှကြီးမှူး၍ အခြေခံပညာကျောင်းများမှ မူလတန်း၊အလယ်တန်းနှင့် အထက်တန်းအဆင့်ဆရာ၊ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းများကို မေလ ၁၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ မေလ ၂၀ ရက်နေ့အထိ ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ)ယခင်နှစ်ထက် အောင်မြင်ဖြစ်ထွန်း
May 20,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ဆောင်းသီးနှံ(မြေပဲ)များ ယခင်နှစ်များထက် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကို နိုဝင်ဘာလကုန်နှင့် ဒီဇင်ဘာလပထမပတ်အတွင်း စတင်စိုက်ပျိုးကြပြီး ဧပြီလနှင့်မေလတွင် ရိတ်သိမ်းကြရာ ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး တစ်မြို့နယ် ထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၆၄.၅)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
May 20,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင်ကျရောက်မည့် (၅၅)ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေဖြင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နေ့လယ်(၃)နာရီ၌ ရွှေလင်ပန်းကျေးရွာ ရွှေနှင်းဆီလမ်းအတွင်းရှိ ရပ်ကွက်နေပြည်သူအိမ်များအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေး
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မရမ်းကုန်းမြို့နယ်တွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက်၈နာရီက အမှတ်(၁၊၂၊၃၊၄၊၅)ရပ်ကွက်များရှိ အသက် ၅နှစ်အောက် ကလေးသူငယ်များကို ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1580
Page
1581
Page
1582
Page
1583
Current page
1584
Page
1585
Page
1586
Page
1587
Page
1588
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department