Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရေကြည်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်ကပုသိမ်-မုံရွာ ကားလမ်းမ ပိတောက်ချောင်လမ်းဆုံ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မြို့နယ် စည်ပင်သာယာရေးကော်မတီပိုင် မြို့မဈေးရှေ့နှင့် လူစည်ကားသည့် နေရာများဖြစ်သည့် လမ်းဆုံလမ်းခွကျောင်းလမ်းထိပ်တို့တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်စည်းကမ်းလမ်းစည်းလိုက်နာစေရေးအတွက် မော်တော်ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရမည်၊ လိုင်စင်မဲ့ယာဥ်များ စီးနင်းသွားလာမှု မရှိစေရေး၊ ရှေ့မီးကြီး၊ အချက်ပြမီး၊ ဘရိတ်မီး ကောင်းမွန်ရမည်၊ မူးယစ်သောက်စား၍ မမောင်းရ/ မစီးရ၊ နောက်ကြည့်မှန် စုံလင်စွာပါရှိရမည်၊ ယာဉ်မောင်းလိုင်စင်ယူဆောင်ခြင်း ရှိ၊ မရှိနှင့် မတော်တဆမှုများ မဖြစ်ပေါ်စေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အထူးအလေးအနက်ထား လိုက်နာစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် ခရီးသွားဧည့်သည်များ စွဲဆောင်နိုင်ရေးနှင့် မြို့သာယာလှပရေး ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်
Jan 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေဘုရား၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး
Jan 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့နယ်အတွင်းရှိ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 10,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထက ကျီးသဲကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
Jan 10,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ယမန်နေ့ ညနေက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံများသို့ ရောက်ရှိခဲ့ပြီး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးနှင့် သတိထားရှောင်ကြဥ်ရမည့် မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား ယမန်နေ့နံနက် (၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ် လှုံဆော်လှုပ်ရှားမှု ဆောင်ရွက်
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပြုလုပ်မည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတစ်ရပ်လုံးပါဝင်မဲပေးနိုင်ရေး လှုံဆော်သည့်အနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီခွဲအချိန်၌ “ဒို့အတူတူ မဲပေးကြမယ်” လှုံ့ဆော်လက်ကမ်းစာစောင်အား မြို့နယ်တွင်းရှိ လူစည်ကားရာအရပ်များတွင် ဖြန့်ဝေခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1580
Page
1581
Page
1582
Page
1583
Current page
1584
Page
1585
Page
1586
Page
1587
Page
1588
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department