အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2026
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲအချိန်မှ စတင်၍ ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်‌ဆန်းနှင့် လိုက်ပါလာသော တာဝန်ရှိသူများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများ၊ ရွာငံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွာငံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများမှ ရွာငံမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် မဲရုံများနှင့်မြန်မာအီလက်ထရောနစ် MEVM မဲပေးစက်ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 10,2026
ရာဂီမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံအမှတ်-၁၀၄၂ (ဆင်ကအုတ်တိုက်ရှည်)အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၂၀၂၅ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 10,2026
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ နေ့သင်တန်း (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာခင်မောင်ဇော်နှင့် သဟာယအဖွဲ့ဝင်များ သတ်မှတ်နေရာယူကြသည်။
Jan 10,2026
ကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ အထောင်မြို့ မူလတန်းကြိုကျောင်း၏ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်သည်။
Jan 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြီးမှူးကျင်းပသည့် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်သွား မည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က ယမန်နေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်မံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများတွေ့ဆုံပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဝန်ကြီးကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံ‌ပျော်ခရိုင် ရေကြည်မြို့နယ်နွားရေတိုက်ကျေးရွာအုပ်စု နွားရေတိုက်ကျေးရွာတွင် သမဝါယမအသင်းအားယနေ့နံနက် (၁၀)နာရီအချိန်က အသင်းသားတောင် သူ(၁၆)ဦးဖြင့် နွားရေတိုက်ဓါတုကင်းလွတ်ရေကြည်ပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေသမဝါယမ အသင်းဖွဲ့စည်းခဲ့သည်။
Jan 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေဘုရား၌ ယနေ့နံနက် ၇ နာရီခွဲအချိန်က ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းကာ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။