အမြို့မြို့အနယ်နယ်သတင်းများ

May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူး၍ ဗိုလ်တထောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်ထောင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်မှ ၁၁ နာရီအချိန်ထိ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ ပြည်သူများအား မီးပြဝင်းဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်စည်သူ၊ အဖွဲ့ဝင် (၂) ဦးအောင်မိုးကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဟေမာဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဟန်သိန်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသက်(၅)နှစ်အောက် ကလေးများအား JE ကာကွယ်ဆေးထိုးနှံခြင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါကြိုတင်ကာကွယ်လုပ်ငန်းများနှင့် ပတ်သက်၍ ကွင်းဆင်းအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စသည့်တို့ကို ဆောင်ရွက်ပြီး အိမ်များရှိ ဘုရားပန်းအိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ပေးခြင်းနှင့် ဆောင်ရွက်ကြရန် အသိပညာ‌ပေးဟောပြောခြင်း၊ ကျန်းမာရေးနှင့်အညီ နေထိုင်စေရေး ကွမ်းယာ၊ ဆေးလိပ်၊ အရက်ရှောင်ကြဥ်နိုင်ရေး အသိပညာပေးဟောပြောခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ 
May 20,2025
သာကေတမြို့နယ် ၁၀/​တောင်ရပ်ကွက်တွင် ယမန်နေ့နံနက် ၁၀း၀၀နာရီမှစတင်ကာ နိုင်ငံသားများအားကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုး ရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
May 20,2025
ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.လ.က (၂) ကျောင်းနှင့် အ.မ.က (၃) ကျောင်းများသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်က‌လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ၁၉.၅.၂၀၂၅ ရက်နေ့မှ ၂၁.၅.၂၀၂၅ ရက်နေ့ထိ သင်တန်းကာလ (၃) ရက်ဖြင့် ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
May 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate)ခပ်ခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အလိုက်၊ ကျောင်းများအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီခွဲ အချိန်မှစ၍ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)၊ (၁၇)၊ (၂၄)အခြေခံပညာမူလတန်းကျောင်းများနှင့် နယူးလိုင်တာ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။