အမြို့မြို့အနယ်နယ်သတင်းများ

Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊‌ ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖွဲ့မှ ဝင်ငွေနည်း ပါးသော ပြည်သူများအား စျေးနှုန်း သက်သာစွာဖြင့် ဆန်များဝယ်ယူ နိုင်ရေးအတွက် ဒေသထွက်ငစိန်ဆန်တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းနှင့် စက်တင်ဘာ ၂၂ ရက်နေ့ ယမန်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်မှုဖြင့် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများအား ယူရီးယားမြေဩဇာ (ဒုတိယအကြိမ်)ပံ့ပိုးရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက်(၁ဝး၃၀)အချိန်တွင် အမှတ်(၂၁)ရပ်ကွက်(လိန်ကုန်း) အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒေသတွင်းမှ ငါးမွေးကန် လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများ ငါးရိက္ခာဖူလုံစေရေးနှင့် ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေသက်သာစေရေးအတွက် ရည်ရွယ်ကာ ယနေ့ နံနက်(၇)နာရီတွင် ကျိုက်လတ်မြို့၊ မြို့မဈေးအနီးတွင် ဈေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့သည်။
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ဒုတိယအကြိမ် အသက်(၈၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအား ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ခင်ထွန်းမှလူမှုရေး ပင်စင် ထောက်ပံ့များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမင်း စိုးထံပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်‌ရေးအဖွဲ့မှ တာဝန်ရှိသူ များသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျန်‌ရေကျော်ကျေးရွာအုပ်စုနှင့် သက္ကယ်ချောင်းအုပ်စုခန်းမများတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲကျင်းပ ဆီထွက်သီးနှံ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။