သံတောင်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ် နှင့်အထက်သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

သံတောင်ကြီး  စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ဒုတိယအကြိမ် အသက်(၈၅)နှစ် နှင့် အထက်သက်ကြီးဘိုးဘွားများအား ယနေ့နံနက် (၁၁)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ခင်ထွန်းမှလူမှုရေး ပင်စင် ထောက်ပံ့များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမင်း စိုးထံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် သံတာင်ကြီးမြို့နယ်အတွင်းရှိ အဘိုးအဘွား (၁၅၂)ဦး အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၄၅၆၀၀၀၀)ကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ မြို့အုပ်ချုပ် ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံပေးအပ်ပြီး ၎င်းတို့မှ လူမှုရေးပင်စင်ထောက်ပံ့ခံစားခွင့်ရှိသူ သက်ကြီးဘိုးဘွားများထံ လက်ဝယ်အရောက် သွားရောက်ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

နော်နော်မူ