လက်ပံတန်း စက်တင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲကျင်းပ ဆီထွက်သီးနှံ ဆောင်းနေကြာ မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ ကြပ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်ကော်မတီပါ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု ၃၆ အုပ်စုတို့ရှိ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူကိုယ်စားလှယ်များစုစုပေါင်းအင်အား ၇၅ ဦးခန့် တက်ရောက်ခဲ့ပြီး မြို့နယ်နှင့် မြို့နယ်စိုက် /ကြပ်ကော်မတီဥက္ကဋ္ဌတို့က လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၂ - ၂၀၂၃ ခုနှစ် ဆီထွက်သီးနှံဆောင်းနေကြာမျိုး လျာထား ၅၅၃၅ ဧကပြည့်မှီစွာ စိုက်ပျိုးနိုင်ရေး ဒေသခံတောင်သူများနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းတွန်းအားပေး ဆောင်ရွက်သွားရန် မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်ကော်မတီပါ ဌာနဆိုင်ရာများမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ဆီထွက်သီးနှံဆောင်းနေကြာ မျိုးစေ့များ ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)