ငပုတောမြို့နယ်တွင် ကျေးရွာများမှ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်‌ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတွေ့ဆုံ

ငပုတော စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများ၏ ကျေးရွာမှ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုကြီးကြပ်‌ရေး အဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျန်‌ရေကျော်ကျေးရွာအုပ်စုနှင့် သက္ကယ်ချောင်းအုပ်စုခန်းမများတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။

ထိုသို့ကွင်းဆင်း တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ဆွေးနွေးပြောကြားရာတွင် စပါးများ ပိုးမွှားရောဂါမကျရောက်စေရေး နွေနှင့် ဆောင်းသီးနှံများ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးရေး၊ နေကြာ နွေစပါးပဲတီစိမ်း သီးနှံများ ကန်ထရိုက်စနစ်ဖြင့် စိုက်ပျိုးမည့် အစီအမံများရိုးပြတ်ကျန် ဧကအပြည့်အဝ စိုက်ပျိုး‌ရေးအပါအဝင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး ကျေးရွာလုံခြုံရေးအတွက် ပူးပေါင်းပါဝင် ရေး ကျန်းမာရေးနှင့် ညီသော ပတ်ဝန်းကျင်ဖြစ်စေရန် သန့်ရှင်းသာယာရေးဆောင်ရွက်ကြရန် အသိပေးဆွေးနွေး ပြောကြား‌ခဲ့သည်။

ဆက်လက်ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်က လုံခြုံရေးအတွက် အထူးအလေးထား ဆောင်ရွက်နေမှုနှင့် မိမိတို့‌ကျေးရွာ အေးချမ်းသာယာမှုရှိစေရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ မိမိရပ်ရွာတည်ငြိမ် အေးချမ်းစွာရှိရေးနှင့် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်လာစေရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ပြီး လုံခြုံရေဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထွန်းမျိုးသန့်က စပါးရိတ်သိမ်းပြီးနောက် ဆောင်းသီးနှံပဲမျိုးစုံ၊ ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေး၊ ၂၀၂၂-၂၀၂၃ ဆောင်းနေကြာလျာထား စိုက်ပျိုးနိုင်ရေး၊ လိုအပ်ချက်များအား ဆွေးနွေးခြင်း၊ စည်းရုံး ပြောကြားခြင်း အသိပညာပေးခြင်း၊ သဘာဝမြေသြဇာ ဗေဒါအီးအမ်ဘိုကာရှီပြုလုပ်နည်း၊ နည်းပညာရှင်းလင်း ပြောကြားပြီး တက်ရောက်လာ ဌာနဆိုင်ရာအကြီးအကဲ များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသည့် ကျေးရွာပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)