ပင်လောင်းမြို့နယ်တွင် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.Ed (စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့်ရ စာမေးပွဲဖြေဆို

ပင်လောင်း  စက်တင်ဘာ ၂၄

ပြ​ည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့်  ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed (၅) နှစ်သင်တန်း အမှတ်စဉ် (၁၀) အတွက် သင်တန်းဝင်ခွင့် ​ရေးဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းများဝင်ခွင့်ရ စာမေးပွဲတွင်​ ပြ​ည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) အတွက် အင်္ဂလိပ်စာဘာသာရပ်နှင့်  သင်္ချာဘာသာ ရပ်များဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ရှိသူ ၃၆ ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ၃၂ ဦးရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.Ed သင်တန်းဝင်ခွင့်​စာမေးပွဲတွင် အင်္ဂလိပ်ဘာသာရပ်နှင့် မြန်မာစာဘာသာရပ်များဖြင့် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ရှိသူ ၁၃ ဦးဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။ 

သင်တန်းများအတွက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် ဖြေဆို အောင်ပြီး သတ်မှတ်ထားသည့် အောင်မှတ်များရရှိသည့် ကျောင်းသား၊ ကျောင်းသူများမှ ဝင်ရောက်ဖြေဆိုခွင့်ရှိ​ သင်တန်းဝင်ခွင့် ဝင်ရောက်ဖြေဆိုပြီး ရေးဖြေအောင်မြင်သူများအား လူတွေ့နှုတ်ဖြေများဖြင့် ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

ခွန်အာကာစိုး