သံဖြူဇရပ် စက်တင်ဘာ ၂၄
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုး/ဘွား (၈၈၅) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား စုစုပေါင်း (၈၈၅) ဦးရှိပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများအတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၆,၅၅၀,၀၀၀) ကို လိုက်လံပေးအပ်လျက်ရှိပြီး ဘိုး/ဘွားနှင့်တကွ မိသားစုများကလည်း ဝမ်းမြောက်လျက် ရှိကြကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးခြင်းကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၆) ခုနှင့် ကျေးရွာအုပ်စု (၂၅) အုပ်စုတို့တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)