မအူပင်မြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌‌စေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်

မအူပင် စက်တင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌‌စေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေးတို့အတွက် ပညာပေးစစ်ဆေးခြင်းကို စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ()နာရီခွဲအချိန်က မြို့အဝင်၊ အထွက် ဘုရားလမ်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်‌သော ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာ‌နေ‌‌သော ‌ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေးခဲ့ပြီး ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ် ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်စီးနင်းရန်၊ နှစ်ဦး ထက်ပို၍ စီးနင်းခြင်းမပြုရန်၊ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန်တို့ကို အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ခရိုင် (ပြန်/ဆက်)