အမရပူရ စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကကြီး၊ အမရပူရမြို့လေးစုရပ်ကွက်ရှိ အမှတ်၁အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်၉နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရုံးချုပ်)၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနမှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မြို့ပြနှင့်ဆက်စပ်သည့်ဖြစ်နိုင်ခြေများ ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ခြင်းစီမံချက်ဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကျောင်းတွင်းအသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒေါ်ဇင်မာဝင်း(ကွင်းဆင်းညှိနှုင်းရေးမှုး)က အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကို ရှင်းပြောကြားခဲ့သည်။ ထို့နောက် ဦးမျိုးသန့်အောင်(ကွင်းဆင်းအရာရှိ)က ငလျင်ဖြစ်ပေါ်ရခြင်းအကြောင်းများ၊ ငလျင်ဘေးတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဥ်တွင် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဥ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်ပြီး နောက်ရှောင်ရှားသင့်သည့်အချက်များနှင့် မြန်မာနိုင်ငံ၏ ငလျင်ဇုန်များကိုပရိုဂျက်တာဖြင့် ပြသ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကထုတ်ဝေသော ငလျင်ဘေးပညာပေးစာစောင်နှင့် မီးဘေးပညာပေး စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)