ရှင်ဗွေယန် စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ စည်ပင်သာယာစျေး၌ Mask Campaign ကို စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာဝန်ထန်းများနှင့် အသင်းအဖွဲ့တာဝန်ရှိသူများ စုပေါင်း၍ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထို့သို့ Mask Campaign ဆောင်ရွက်ရာတွင် ရှင်ဗွေယန်မြို့ စည်ပင်သာယာဈေးအတွင်း အပြင် ဈေးရောင်း ဈေးဝယ်၊ လမ်းသွားလမ်းလာ မိဘပြည်သူများအား Mask အခုရေ (၇၀၀) ကျော် အခမဲ့ဖြန့်ဝေပေးပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ရှင်ဗွေယန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလွင်ဦး ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုး သမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ရှင်ဗွေယန်(ပြန်/ဆက်)