ချောက် စက်တင်ဘာ ၂၆
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင်လူမှုဝန်ထမ်းဦးစီးဌာန ချောက်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများကမိုးလေဝသဟောဆရာကိုတောက်တဲ့ ပုံပြင်၊ သီတင်းကျွတ်လ ကဗျာ၊ ကပွဲသီချင်း၊ လယ်တောရှင်သီချင်း၊ Tea Pot ကဗျာ၊ ရွှေဂဲလေးရဲ့မင်္ဂလာ ကဗျာ၊ ဖိုးဝလုံးသီချင်း၊ ပစ်တိုင်းထောင်ကဗျာ၊ ဝါဆိုပန်းခူးသွားသီချင်း၊ Mummy ကဗျာ၊ ငါးကဗျာ၊ ရွှေကြက်ဖကဗျာ၊ ညီညီသစ်သီးစုံကဗျာ၊ တတ်တာပေါ့ကဗျာ၊ စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိသည့်ကလေးများအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမြတ်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစစ်ငြိမ်းအေးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစောမြဖောင်း၊ချောက်မူလတန်းကြို ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းမမဝင်းနှင့် ဆရာ၊ ဆရာမ တာဝန်ရှိသူများက ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲသို့၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူလေးများနှင့်အတူ မိဘအုပ်ထိန်းသူများပါ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)