Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲဆောင်ရွက်
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေဆီလွှာအာဟာရဓာတ်များ ဖွံ့ဖြိုးတိုးတက်စေရန် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ပြည်မြို့နယ်၊ ငါးရွာအုပ်စု၊ တောင်သူဦးနေအောင်၏ လယ်မြေ (၁၀)ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်တင်ဖွင့်ပွဲ ကျင်းပ
May 19,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့အမှတ်(၁၀)ရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဆိုင်းဘုတ်တင် ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကလောမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိ မြို့ဖများ၊အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ တွေ့ဆုံ
May 19,2026
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မေ(၁၈)ရက် နံနက်ပိုင်းက ကော့သောင်းခရိုင်ရှိ ပြည်သူများလူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဒေသခံပြည်သူလူထုများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဈေးပိတ်ချိန်တွင် မီးဘေးလုံခြုံရေးစစ်ဆေး
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၄၆)ရပ်ကွက်၊ ဗိုလ်ထွန်းလင်းလမ်းရှိ စံရိပ်ငြိမ်ဈေးတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို မေ ၁၇ ရက်နေ့ ညနေပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ် အောက်ပုံကျေးရွာ၌ ရက်၁၀၀စီမံချက်ဖြင့် ဝါးလက်မှုပရိဘောဂသင်တန်း ဖွင့်လှစ်
May 19,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်တွင် ရက်၁၀၀စီမံချက်ဖြင့် အောက်ပုံကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးလက်မှု/ပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အောက်ပုံကျေးရွာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ တစ်အိမ်တက်ဆင်းဆောင်ရွက်
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အမှတ်(၄၂)ရပ်ကွက်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့်အသိပညာပေးဆောင်ရွက်
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်းကို အမှတ်(၁၂)ရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဆိုင်များ၊ မုန့်ဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကုန်ခြောက်ဆိုင်များအား FDA မှ ကွင်းဆင်းစစ်ဆေး
May 19,2026
ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးအရာရှိ ဦးဇာနည်ထွန်းနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့တို့ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များ၊ မြို့မဈေး၊ အောင်သာယာဈေးနှင့် ဗိုလ်ချုပ်ဈေးတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ မုန့်ဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကုန်ခြောက်ဆိုင်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
155
Page
156
Page
157
Page
158
Current page
159
Page
160
Page
161
Page
162
Page
163
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department