အမြို့မြို့အနယ်နယ်သတင်းများ

Oct 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံပေါင်း(၂၆၅)ရုံဖွင့်လှစ်၍ ကျင်းပဆောင်ရွက်မည်ဖြစ်ပြီး ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာ(၃၀)ရက်နေ့မှ စတင်၍ ကြေညာထားရှိရာ ၎င်းမဲရုံ(၂၆၅)ရုံမှ မဲဆန္ဒရှင်များ၏ မဲစာရင်းဆိုင်ရာတောင်းဆိုမှုများ၊ ကန့်ကွက်မှုများ၊ အချက်အလက်ပြင်ဆင်လိုမှုများအား မဲစာရင်းမှန်ကန်ရေး စိစစ်ဖြည့်သွင်းမှုလုပ်ငန်းကို အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသည့် ရုံးအဖွဲ့က ဆောင်ရွက်လျက်ရှိသည်။
Oct 16,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် မွေ့လျော်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကို အောက်တိုဘာ(၁၄)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
Oct 16,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်း ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာနေရသူများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရန် အောက်တိုဘာလ ၁၁ ရက်နံနက်ပိုင်းက ယာယီနေရပ်စွန့်ခွာစခန်းများသို့ အသိပညာပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 16,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့နံနက် (၁၀) နာရီက (အမက) ကဒါမင်းတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Oct 16,2025
ပုလောမြို့နယ် ပညာရေးမှူးရုံး၏ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့ အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 16,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲကို အောက်တိုဘာ ၁၄ ရက်နံနက်က အမက(ဟွေအော)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 16,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့နံနက် (၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုကြသည်။