Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ခရမ်းမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါရှိမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်
Oct 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိစစ်ဆေးခြင်းကို အောက်တိုဘာ ၁၆ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်အတွင်း သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် နို့စားနွားမွေးမြူထားရှိမှု ကြည့်ရှုအားပေး
Oct 16,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သက်တန့်ရောက်စီမံကိန်းရန်ပုံငွေဖြင့် ပန်းတော်ဆက်၊ စက်ပစ်တောင်နှင့် သဲကုန်းကျေးရွာတို့ရှိ အသင်းသားတောင်သူများ၏ နို့စားနွားမွေးမြူထားရှိမှု အခြေအနေအား သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦမျိုးအောင်နှင့် အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်နေက ကွင်းဆင်းကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေး
Oct 16,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ ငဖဲမြို့နယ်၌ အသက်၉နှစ်မှ ၁၀နှစ်အရွယ် ကျောင်းသူများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)နှင့် ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေး (DT)ထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့နံနက်ပိုင်းက မြို့မ(အ.မ.က)နှင့် ကျောင်းတွင်း(အ.မ.က)တို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် မူလတန်း ကျောင်းသား/ ကျောင်းသူကလေးငယ်များ အားစနစ်မှန်သော သွားတိုက်နည်းစနစ်ရရှိစေ ရေးဆောင်ရွက်ပေး
Oct 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင်ကမာရွတ် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်ဖြင့် တက္ကသိုလ်ရိပ်သာလမ်း၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ KGကျောင်းသား/ ကျောင်းသူလေးများအား စနစ်မှန်သော သွားတိုက်နည်းစနစ်ရရှိစေရေးနှင့်မူမှန်သောအလေ့အကျင့်များ ဘဝတလျှောက်လုံးစွဲမြဲကျင်းသုံးစေရန်ရည်ရွယ်၍ လေ့ကျင်ပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်အ.ထ.က၌ သင်္ချာနှင့်အင်္ဂလိပ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 16,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းကျောင်း(မောက်မယ်)၌ အောက်တိုဘာ ၁၆ ရက်နေ့နံနက် (၉)နာရီက သင်္ချာနှင့်အင်္ဂလိပ် စွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ…
Oct 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက် တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း(Grade-12) တက်ရောက်လျက်ရှိသော ကျောင်းသား၊ သူများအား ဟင်္သာတ တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော ဘာသာရပ်များနှင့် မိတ်ဆက် ဟောပြောပွဲကို အောက်တိုဘာ ၁၄ နေ့နံနက် ၉ နာရီက မြို့ပေါ်ကျောင်းများတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မော်လမြိုင်)သို့ နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား/ သူများ လာရောက်ကွင်းဆ…
Oct 16,2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန နည်းပညာတက္ကသိုလ်(မော်လမြိုင်) အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကြီးကြပ်သူဆရာမ (၂)ဦး၊ ကျောင်းသား/သူ (၂၀)ဦးတို့က အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၏ ရုပ်သံဖမ်းယူထုတ်လွှင့်မှု လုပ်ငန်းအဆင့်ဆင့်အား လာရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE နှင့် အလယ်တန် NFME) ဖွင့်ပွဲအခမ်းအနားပြုလုပ်
Oct 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပပညာရေး (မူလတန်း NFPE နှင့် အလယ်တန် NFME) ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
151
Page
152
Page
153
Page
154
Current page
155
Page
156
Page
157
Page
158
Page
159
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department