အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ်၊ တောစွန်းကျေးရွာ အခြေခံပညာမူလတန်း‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အ.မ.ကရေလယ်ကျွန်းနှင့် အ.မ.က ကျွန်းထိပ်ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စက်သုံးဆီအရောင်ဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းကို ယနေ့ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက သပြုကျေးရွာအုပ်စု၊ ကဇင်းတောကျေးရွာရှိ မင်းကမ္ဘာ စက်သုံးဆီအရောင်းဆိုင်၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 10,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းကို ယနေ့(၁၁)နာရီတွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 10,2026
ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်၊ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၏ ၂၀၂၅/၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
Jan 10,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၂)တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို‌ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Jan 10,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ ပုံပြင်‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာမူလတန်း (ရေတာရှည်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။