အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည်  ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောစံယဉ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အပိုင်း(၂) ကျင်းပမည့် ရပ်ကွက်များ၊ တပ်တွင်းနှင့်ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် (၈)နာရီက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ ရက်နေ့ နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း​ဟောခန်းမတွင် ကျင်းပသည်။
Jan 10,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် အပိုင်း(၂)၌ ပါဝင်သည့် စလင်းမြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ အပြီးသတ် ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား မဲရုံ(၂၆၅)ရုံဖြင့် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပရန် မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို ယနေ့ နံနက်(၁၀)နာရီအချိန်မှစတင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များက လှည့်လည်ကြည့်ရှုူအားပေးခဲ့သည်။
Jan 10,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်မည့် မဲရုံများ၊  MEVM မဲပေးစက်များထားရှိသည့်နေရာနှင့် ပတ်ဝန်းကျင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Jan 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ‌ရွှေတောင်စုရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး KG ကျောင်သား၊ ကျောင်းသူများအား ကျောင်းတွင်းအဟာရ ကျွေးမွေးကြသည်။
Jan 10,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၊ ပညာတန်ဆောင်ခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥဋက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 10,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေး ဆီထွက်သီးများ လျာထားစိုက်ပျိုးထားရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်ဆောင်းရာသီး၌ ဆောင်းနေကြာ ၉၄၃၃ ဧက  စိုက်ပျိုးထားရှိကြောင်း သိရသည်။