ကျုံပျော် ဇန်နဝါရီ ၁၀
ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်၊ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၏ ၂၀၂၅/၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ဦးစွာ အထက(၁) ကျုံပျော် ကျောင်းသား၊ ကျောင်းသူလေးများက "ဘက်စုံပညာရည် ဒို့လှမ်းချီ" သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် နိုင်ငံတော်အဆင့် ထူးချွန်ဆုများ ရရှိအောင် သင်ကြားပေးသောကျောင်းများနှင့် ဉာဏထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ ဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုရရှိကြသော ကာယထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ အထက(၁) ကျုံပျော်ကျောင်းသား၊ ကျောင်းသူလေးများက "မြတ်ပညာ" သီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများစုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)